ပန်းကလေးတွေရဲ့ အလှတရားကို သင်တို့ဘယ်လိုမြင်ကြသလဲ...
ပန်းကလေးတွေဟာ အလွန်အပြစ်ကင်းစင်ကြပါတယ်...
ဒါပေမယ့် ပန်းကလေးတွေရဲ့ တန်ဖိုးကို လူတွေကခွဲခြားကြတယ်....
အမြင့်မှာပွင့်တဲ့ သဇင်ကို ပင်မြင့်စံတော်ဝင်ပန်းတဲ့...
လမ်းဘေးမှာပွင့်တဲ့ပန်းကို လမ်းဘေးကပန်း အဆင့်မရှိတဲ့ပန်းပေါ့...
လူတွေရဲ့အဆင့်အတန်းခွဲခြားမှု့ကြောင့် ပန်းကလေးတွေရဲ့ဘဝက အဆင့်အတန်းအနိမ့်အမြင့်ပေါ်မူတည်ပြီး တန်ဖိုးကွဲသွားရရှာတယ်....
ဘယ်လိုပဲဖြစ်ဖြစ် ပန်းဟာပန်းပါပဲ...
သူတို့မှာကိုယ်ပိုင် အလှတရားရှိကြပါတယ်...
ပန်းကလေးတွေဟာ သူတို့ရဲ့သဘာဝအလျှာက် အပင်ပေါ်မှာဝေဝေဆာဆာပွင့်နေတာဟာ အလွန်လှပကြပါတယ်...
ဒါပေမယ့် သဘာဝရဲ့ ရိုက်ခတ်ဒဏ်ကြောင့် တစ်နေ့မြေပေါ်မှာ ကြွေနွမ်းရတာပဲ...
ပန်းကလေးတွေကို မိန်းကလေးများရဲ့ ဦးခေါင်းထက်မှာ ပန်ဆင်လိုက်မှ အလွန်တင့်တယ်ပြီး ကျက်သရေရှိတယ်လို့မြင်မိပါတယ်....
ခံစားမှုခြင်းမတူရင် နားလည်ပေးကြပါ......................................
No comments:
Post a Comment